Ye` Lay feat. Nin Zi May - Nin Ma Shi Tae Nout Songtexte

Songtexte Nin Ma Shi Tae Nout - Ye` Lay , Nin Zi May




ကိုယ့်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဖူး
မျက်စိရှေ့မှာပြန်မြင်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူ
အရင်ကလိုတော့ စကားတွေဖော်ရွေစွာမပြောဖြစ်ဖူး
အချိန်တွေနှောင်းခဲ့တာ
အသစ်တစ်ဖန်အခုပြောင်းလဲသွား
မင်းကိုမေးချင်တာ (ဟေး) နေရော်ကောင်းရဲ့လား
ဖုန်းနံပါတ် Facebook ဖြစ်နိုင်ရင်ပေးခဲ့ပါ
ဒါငါ့ရဲ့လိပ်စာကဒ် ကြိုက်တဲ့အချိန်ဖုန်းဆက်ပါ
အသည်းကိုခွဲခဲ့လို့လည်း ငါ့ဖက်ကမမုန်း
အားလုံးထားခဲ့လိုက်တော့ ခံရခက်တဲ့အရှုံး
မင်းရဲ့ဖက်မှာ အမြဲတမ်းရှိနေပေးမယ် ရှေ့နေလို
သူငယ်ချင်းလို စောင့်ရှောက်ပေးတော့မယ့် အတွေးတွေမို့
မင်းအကြောင်းတွေကိုလည်း ငါ့ဆီလာပြီး ဆေးတွေထိုး
သံယောဇဉ်တွေရှိသေးရဲ့လား ငါမေးမလို့
ရင်ဘတ်ထဲကလက်ခံတော့ ဦးနှောက်ကတားဆီး
အဖြစ်တွေကဆိုး နင့်ရဲ့စိတ်နဲ့ဖျားပြီ
မိုးတွေကသည်း ဒီမှာထာဝရအမြဲ
နင်ဘယ်လိုကြားနိုင်မှာလဲ ငါခေါ်နေတာလဲ
(ကိုယ့်ရဲအနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဖူးကွာ
ကိုယ့်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတစ်ခုလို ခြောက်သွေ့နေ)
Single လို့နင်ရေးထားရင် ငါအမြဲတမ်းပျော်တယ်
နင့်ကိုငါ သတိရရင် ဖုန်းတွေလည်းခေါ်မယ်
ဘယ်ဆိုင်မှာ Night Out လုပ်မှာလဲ နင်ပိုသိ ပိုတော်တယ်
မူးလာပြီဆို မိုက်ခ်ကိုခဲ အသံကုန်ဟစ်တဲ့ အဆိုတော်ဘဲ
ငါမေးပါမယ် နင်ဒုက္ခရောက်ရင် ဘယ်သူရှိမှာလဲ?
ငါတွေးပါတယ် နင်ခံစားရတာ ဘယ်သူသိမှာလဲ?
အားလုံးလည်းအဝေးထွက်ပြေး တစ်ယောက်မှမရှိလည်းပြီးတာဘဲ
တစ်နေ့နေ့တော့ ငါတို့နှစ်ယောက်ပြန်လည်နီးမှာဘဲ
အထီးကျန်ခြင်းတွေ ဝန်းရံနေဆဲ
အသက်မဲ့သွားတာ ဝေးပြီးနောက်
တိုက်ဆိုင်မှုတွေ နေ့စဉ်ကြုံခဲ့
ရင်ထဲမှာလည်း မင်းဘဲ ရှိတာပါ
(ကိုယ့်ရဲအနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဖူးကွာ
ကိုယ့်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတစ်ခုလို ခြောက်သွေ့နေ)
နင်ဘယ်လိုတွေးလဲတော့ ငါမသိဖူး
ငါကတော့ နင့်ကိုချစ်တယ်
နောက်လည်း အမြဲတမ်းချစ်နေအုံးမှာဘဲ
ငါ့ရဲ့အမှားတွေရှိခဲ့တယ် တောင်းပန်မယ်
နောက်ထပ်မင်းမငိုနဲ့တော့
အိပ်မက်တစ်ခုကိုရွေးချယ်
မင်းလေး ဟိုကိုသွားလိုက် ဒီကိုသွားလိုက်
ပျော်စရာလွတ်လပ်မှုတွေနဲ့
မင်းရဲ့အပြုံးတွေ မင်းမျက်ဝန်းလေး
တစ်ခါပြန်ပြီးတော့ ရချင်တယ်
လူတစ်ယောက်ကို အိပ်မက်ခဏခဏမက်ရင်
အဲဒီ့လူက နင့်ကိုသတိရနေလို့တဲ့
အိပ်မက်ထဲကလူက တခြားလူမဟုတ်ခဲ့
နင်ပြောခဲ့တဲ့အတိုင်း အဲ့ဒါနင်ကိုယ်တိုင်ဘဲ
အားလုံးအမြင်မှာ ငါလေ လူလိမ်လူညာကြီးပါ
ဘာတွေဖြစ်လာမှာလဲ ငါကိုယ်တိုင်မသိတာ
အဖြစ်တွေသည်းကာရယ် ချစ်နေခဲ့တာဘဲ
အပြစ်တွေနဲ့သာရယ် ချစ်နေဆဲပါကွယ် (မင်းမရှိတဲ့နောက်မှာ)
(ကိုယ့်ရဲအနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဖူးကွာ
ကိုယ့်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတစ်ခုလို ခြောက်သွေ့နေ)
အားလုံးမေးတိုင်း ငါအခုချိန်ထိညာခဲ့တယ်
ဒါမယ့် ငါ့ရင်ထဲကတော့ ညာလို့မရဖူး
နင့်ကိုငါ အခုချိန်ထိချစ်နေတုန်းဘဲ
I love you...




Ye` Lay feat. Nin Zi May - Nin Ma Shi Tae Nout
Album Nin Ma Shi Tae Nout
Veröffentlichungsdatum
09-08-2018



Attention! Feel free to leave feedback.